သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
သူကြီး 5:24 - မြန်မာ့စံမီသမ္မာကျမ်း ကေနိလူမျိုး၊ ဟေဗာ၏မယား ယေလသည် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။ တဲ၌နေသောမိန်းမတို့တွင် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။ Common Language Bible ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည် တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။ Garrad Bible ကေ နိ အ မျိုး သား ဟေ ဗာ့ မ ယား ယေ လ မူ၊ မိန်း မ တ ကာ တို့ ထက် မင်္ဂ လာ ရှိ၏။ တဲ တွင် နေ ထိုင် သော မိန်း မ တ ကာ တို့ ထက် မင်္ဂ လာ ရှိ လေ ပြီ တ ကား။ Judson Bible ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။ |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။
ကောင်းကင်တမန်သည် မာရိထံသို့ဝင်လာ၍ “ကျေးဇူးတော်ခံစားရသောအမျိုးသမီး၊ သင်သည်မင်္ဂလာရှိပါစေသော။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟု မြွက်ဆိုလေ၏။
“သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
ဟာဇော်ဘုရင်ယာဘိန်မင်းကြီးနှင့် ကေနိလူမျိုး ဟေဗာ၏မိသားစုတို့သင့်မြတ်ကြသောကြောင့် သိသရသည် ကေနိလူမျိုး ဟေဗာ၏မယား ယေလ၏တဲသို့ ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
သူကလည်း “ငါရေငတ်၏။ ရေအနည်းငယ်တိုက်ပါ”ဟု ဆိုသဖြင့် ယေလက သားရေနို့ဘူးကို ဖွင့်၍သူ့အားတိုက်ပြီးနောက် သူ့ကိုပြန်၍ဝှက်ထား၏။
သိသရသည် ရေကိုတောင်းသောအခါ နွားနို့ကိုပေး၏။ တော်ဝင်ခွက်ဖြင့် နို့ဓမ်းကို ယူလာပေး၏။