သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
သူကြီး 5:19 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။ Common Language Bible ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။ Garrad Bible ဘု ရင် မင်း တို့ ချီ လာ၍ စစ် တိုက် ကြ သည် တ ကား၊ ခါ နာန် ဘု ရင် မင်း တို့ သည် မေ ဂိ ဒ္ဒေါ မြစ်၊ တာ နက် မြို့ အ နီး၊ စစ် တိုက် သော် လည်း ငွေ ကို လု ယက် ခွင့် မ ရ ကြ ချေ။ Judson Bible ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍မရကြ။ |
သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ်သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။
ထိုအခါ သားရဲမှစ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များနှင့် ၎င်းတို့၏ဗိုလ်ခြေများသည် မြင်းစီးသောသူနှင့်သူ၏ဗိုလ်ခြေကိုစစ်တိုက်ရန် စုဝေးကြသည်ကို ငါမြင်ရ၏။
မနာရှေအမျိုးအနွယ်သည် ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ စသည်တို့၌နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ကြ။ ခါနာန်လူမျိုးတို့သည် ထိုပြည်၌ အတင်းနေထိုင်ကြ၏။
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။