လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
သူကြီး 5:18 - မြန်မာ့စံမီသမ္မာကျမ်း ဇာဗုလုန်လူမျိုးကား မိမိတို့အသက်နှင့်ရင်းပြီးစွန့်စားခဲ့ပြီ။ နဿလိလူမျိုးလည်း မြင့်သောအရပ်၌ ထိုနည်းတူ ပြုခဲ့ကြပြီ။ Common Language Bible သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။ Garrad Bible ဇာ ဗု လုန့် အ နွယ်၊ နဿ လိ အ နွယ် တို့ မူ ထင် ရှား သော စစ် မြေ ပြင်၌ ရဲ ရင့် စွာ အ သက် စွန့် စား ကြ၏။ Judson Bible ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သောတောအရပ်၌ ထိုနည်းတူပြု၏။ |
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍ သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊ ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။
ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။
သူသည် မနာရှေအမျိုး တစ်မျိုးလုံးထံသို့ တမန်တို့ကို စေလွှတ်၍ ခေါ်စေသဖြင့် သူ့နောက်သို့ လိုက်ရန် သူတို့ရောက်လာကြ၏။ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုးတို့ထံသို့လည်း တမန်တို့ကိုစေလွှတ်၍ ခေါ်စေသဖြင့် သူတို့လည်း ရောက်လာကြ၏။