Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 5:18 - Common Language Bible

18 သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဇာ ဗု လုန့် အ နွယ်၊ နဿ လိ အ နွယ် တို့ မူ ထင် ရှား သော စစ် မြေ ပြင်၌ ရဲ ရင့် စွာ အ သက် စွန့် စား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဇာ​ဗု​လုန်​အ​မျိုး​သည် အ​သက်​ကို စွန့်​စား​သည်​တိုင်​အောင် ရဲ​ရင့်၍ နဿ​လိ​အ​မျိုး​သည် မြင့်​သော​တော​အ​ရပ်၌ ထို​နည်း​တူ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဇာဗုလုန်​လူမျိုး​ကား မိမိ​တို့​အသက်​နှင့်​ရင်း​ပြီး​စွန့်စား​ခဲ့​ပြီ​။ နဿလိ​လူမျိုး​လည်း မြင့်သောအရပ်​၌ ထိုနည်းတူ ပြု​ခဲ့​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 5:18
11 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။


ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-


``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။


ချီ​တက်​လာ​သော​ထို​လူ​စု​ထဲ​တွင်​ဦး​စွာ အ​ငယ်​ဆုံး​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ၊ ထို​နောက်​ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​အ​နွယ် ဝင်​များ၊ သူ​တို့​နောက်​မှ​ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ ခေါင်း​ဆောင်​များ​နှင့်​အ​နွယ်​ဝင်​များ​လိုက်​ပါ ကြ​၏။


သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''


ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-


ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-


ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။


ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊-


တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-


မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ