ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍
ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
ဣ သ ရေ လ အ မျိုး သား တို့ ခိုင်း စေ ကြ ရာ၊ ဧ ဟု ဒ သည်၊ အ လျား တစ် တောင် ရှိ သန် လျက် ကို လုပ် ပြီး လျှင်၊ ယာ ပေါင် အ ဝတ် အ တွင်း ၌ စည်း နှောင် လျက်၊ အ လွန် ဝ ဖြိုး သူ၊
ဧဟုဒသည် အလျားတစ်တောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ယာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
သူတို့သည် ဂိဗောင်မြို့ရှိ ကျောက်တုံးကြီးနားသို့ ရောက်သောအခါ အာမသသည် သူတို့ကို လာရောက်တွေ့ဆုံ၏။ ယွာဘသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ခါးပန်းလည်း စည်းထား၏။ ဓားကိုလည်း ဓားအိမ်ထဲထည့်၍ ခါးပန်းကြိုးတွင် ချိတ်ထားရာ ရှေ့သို့လှမ်းသွားစဉ်တွင် လျှောကျလာ၏။
သူတို့၏နှုတ်၌ ဘုရားသခင်၏ဂုဏ်တော်ချီးမွမ်းခြင်းရှိကြပါစေ။ သူတို့၏လက်၌လည်း အသွားနှစ်ဖက်ပါသောသန်လျက်ကို ကိုင်ထားကြပါစေ။
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
ပေရဂံမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်ရှိသောသူက ဤသို့မိန့်တော်မူ၏။
ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။
မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်သွားရောက်ဆက်သလေ၏။ ဧဂလုန်မင်းကြီးသည် အလွန်ဝသောသူဖြစ်၏။
ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။