Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 3:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​သွားရောက်​ဆက်သ​လေ​၏​။ ဧဂလုန်​မင်းကြီး​သည် အလွန်​ဝ​သော​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 မော ဘ ဘု ရင် ဧ ဂ လုန် မင်း ထံ လက် ဆောင် ပ ဏ္ဏာ ကို ဆက် သွင်း လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​လေ၏။ ဧ​ဂ​လုန်​သည် အ​လွန်​ဝ​သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 3:17
10 ပူးပေါင်းရင်းမြစ်များ  

သူ​၏​မျက်နှာ​သည် အဆီ​နှင့်​အစ်​လျက်​၊ ခါး​သည်​လည်း အဆီ​နှင့်​တုတ်​လျက်​ရှိ​၏​။


သူ​တို့​သည် ချက်ချင်းပင် ကြီးစွာ​သော​ပျက်စီး​ခြင်း​သို့​ရောက်​၍ ထိတ်လန့်ဖွယ်​ရာ​များ​ဖြင့် အကုန်အစင် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​ပါ​သည်​တကား​။


သူ​တို့​၏​မျက်စိ​သည် အဆီ​ဖြင့်​မို့မောက်​လျက်​ရှိ​၏​။ သူ​တို့​၏​စိတ်အာရုံ​သည် အထိန်းအကွပ်မဲ့​လျက်​ရှိ​၏​။


သူ​တို့​သည် ဝဖြိုး​စိုပြည်​ကြ​၏​။ မကောင်းမှု​ကို အတောမသတ်​ပြု​ကြ​၏​။ သူ​တို့​ကောင်းစားရေး​အတွက် မိဘမဲ့​တို့​၏​အမှု​ကို မတရားသဖြင့်​စီရင်​ကြ​၏​။ နွမ်းပါး​သူ​တို့​အတွက် တရားမျှတ​စွာ​မ​စီရင်​ကြ​။


ငါ့​အမွေ​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​၊ သင်​တို့​သည် ဝမ်းမြောက်​လျက်​၊ ရွှင်လန်း​လျက်​၊ တလင်းနယ်​သော​နွားမတမ်း​ကဲ့သို့ နင်းချေ​လျက်​၊ စစ်မြင်း​များ​ကဲ့သို့ ဟီ​လျက်​ရှိ​ကြ​သော်လည်း


သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​အား ‘ကြည့်ရှု​လော့​။ ဆူဖြိုး​သော​သိုး​နှင့် ပိန်လှီ​သော​သိုး​တို့​အမှု​ကို ငါ​ကိုယ်တိုင်​စီရင်​မည်​။


ဧဟုဒ​သည် အသွား​နှစ်​ဖက်​ပါ​၍ အလျား​တစ်တောင်​ခန့်​ရှည်​သော​သန်လျက်​ကို ပြုလုပ်​ပြီးလျှင် ယာဘက်​ပေါင်​၊ အဝတ်​အောက်​တွင် ဝှက်​ထား​၍


ဧဟုဒ​သည် လက်ဆောင်​ကို​ဆက်သ​၏​။ ထို့နောက် လက်ဆောင်​သယ်လာ​သော​သူ​တို့​ကို ပြန်လွှတ်​လိုက်​၍


ထို​နေ့​တွင် ခွန်အားကြီး​၍ ရဲစွမ်းသတ္တိရှိ​သော​မောဘ​စစ်သူရဲ​တို့​ကို တစ်​ယောက်​မျှ​အလွတ်​မ​ပေး​ဘဲ လူ​တစ်သောင်း​ခန့်​ကို သတ်​လေ​၏​။


ငါ​ကိန်းဝပ်​ရာ​အရပ်​၌ ပူဇော်​ရန် ငါ​မိန့်မှာ​ထား​သော​ယဇ်​နှင့် ပူဇော်သက္ကာ​ကို အဘယ်ကြောင့် မထီမဲ့မြင်ပြု​ကြ​သနည်း​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ပူဇော်​သမျှ​တို့​ထဲမှ အကောင်းဆုံး​ကို​ယူ​၍ သင်တို့ကိုယ်​ကို​ဝလင်​စေ​ခြင်း​ဖြင့် သင်​သည် သင့်​သား​တို့​ကို ငါ့​ထက်​ပို၍ အဘယ်ကြောင့်​ဂုဏ်ပြုချီးမြှောက်​သနည်း’​ဟု မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ