တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။
ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် မော ဘ ဘု ရင် ဧ ဂ လုန် မင်း ကို ဣ သ ရေ လ လူ မျိုး တို့ တစ် ဘက် တွင် အား တိုး တက် စေ တော် မူ ၍
တစ်ဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ မောဘရှင်ဘုရင်ဧဂလုန်ကို ဣသရေလအမျိုးတစ်ဖက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။
အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည်ကို ရှေးယခင်ကပင် ငါစီမံထား၍ ယခု ငါဖြစ်စေပြီ။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။
ယေရှုက“အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။