ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
သူကြီး 20:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူအပေါင်းတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် “ငါတို့ တစ်ယောက်မျှ ကိုယ့်တဲသို့မသွား၊ ကိုယ့်အိမ်သို့ မပြန်ပါ။ Common Language Bible လူအပေါင်းတို့သည်တစ်ပြိုင်နက်ထ၍``ငါ တို့သည်တစ်ယောက်မျှမကျန် မိမိ၏တဲရှင် သို့မဟုတ်အိမ်သို့မပြန်ကြတော့ပြီ။- Garrad Bible တစ် မျိုး လုံး တို့ သည် တစ် ဦး တည်း ကဲ့ သို့ ထ၍၊ တစ် စုံ တစ် ယောက် မျှ ကိုယ့် နေ ရာ သို့ မ သွား၊ ကိုယ့် အိမ် သို့ မ ပြန်၊ Judson Bible လူအပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တစ်ယောက်မျှ မိမိတဲသို့မသွား၊ မိမိအိမ်သို့မပြန်။ |
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
ဤသို့ဖြင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန် တစ်စိတ်တစ်သဘောတည်းစုဝေးကြ၏။
သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။
အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။