အစ္စရေးလူမျိုးတို့တွင် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့သားတို့ ပြုခဲ့သမျှ ယုတ်ညံ့သောအမှုနှင့်အညီ သူတို့ကို လက်စားချေရန် စစ်ချီသောအခါ စစ်သည်တို့အတွက် ရိက္ခာသယ်ဆောင်ရန် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ လူအယောက်တစ်ရာတွင် ဆယ်ယောက်၊ လူအယောက်တစ်ထောင်တွင် အယောက်တစ်ရာ၊ လူအယောက်တစ်သောင်းတွင် အယောက်တစ်ထောင်တို့ကို ရွေးကောက်မည်”ဟု ဆိုကြ၏။