ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
သူကြီး 20:5 - မြန်မာ့စံမီသမ္မာကျမ်း ညအချိန်တွင် ဂိဗာမြို့သားတို့သည် အကျွန်ုပ်ရှိရာအိမ်ကိုဝိုင်းထားပြီး အကျွန်ုပ်ကိုသတ်ရန် ကြံစည်ကြပါ၏။ အကျွန်ုပ်၏မယားငယ်ကိုလည်း သေသည်အထိအဓမ္မပြုကြပါ၏။ Common Language Bible ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။- Garrad Bible ၎င်း မြို့ သား တို့ ထ ကြွ လျက်၊ ညဉ့် အ ခါ တည်း အိမ် ကို ဝန်း ဝိုင်း ကြ ပြီး လျှင် ကျွန် တော် ကို သတ် ရန် ကြံ ရွယ်၍ မ ယား ကို အ သ ရေ ရှုတ် ချ သ ဖြင့် သေ စေ ကြ၏။ Judson Bible ညအခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက်သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ |
ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
ထိုမိန်းကလေးသည် မိမိဖခင်၏အိမ်၌ ပြည့်တန်ဆာလုပ်ခြင်းဖြင့် အစ္စရေးလူမျိုးထဲ၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့် ထိုမိန်းကလေးကို သူ့ဖခင်၏အိမ်တံခါးသို့ ခေါ်သွား၍ မြို့သားယောက်ျားတို့သည် သူ့ကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။
သူကလည်း မယားငယ်အား “ထထ ခရီးဆက်ကြစို့”ဟု ဆို၏။ သို့သော် မည်သို့မျှမတုံ့ပြန်သဖြင့် သူသည် မယားငယ်ကို မြည်းပေါ်တင်၍ မိမိအိမ်သို့ ခရီးဆက်လေ၏။
အသတ်ခံရသောအမျိုးသမီး၏ခင်ပွန်းလေဝိအမျိုးသားက “အကျွန်ုပ်နှင့် အကျွန်ုပ်၏မယားငယ်သည် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့တွင် ညအိပ်ရပ်နားရန် ရောက်လာပါ၏။