Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 19:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သူ​က​လည်း မယားငယ်​အား “​ထထ ခရီးဆက်​ကြ​စို့​”​ဟု ဆို​၏​။ သို့သော် မည်သို့​မျှ​မ​တုံ့ပြန်​သဖြင့် သူ​သည် မယားငယ်​ကို မြည်း​ပေါ်​တင်​၍ မိမိ​အိမ်​သို့ ခရီးဆက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထ လော့ သွား ကြ ကုန် အံ့ ဟု ဆို သော် လည်း ပြန် ဆို ခြင်း မ ရှိ သော ကြောင့် မြည်း ပေါ် တွင် သူ့ ကို တင် လျက် ကိုယ့် ဌာ န အ ရောက် ခ ရီး နှင် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထ​လော့။ သွား​ကြ​ကုန်​အံ့​ဟု ဆို​သော်​လည်း သူ​သည် ပြန်​မ​ပြော​ဘဲ​နေ၏။ ထို​အ​ခါ ယောက်ျား​သည် သူ့​ကို​မြည်း​ပေါ်​မှာ တင်​သ​ဖြင့် မိ​မိ​နေ​ရာ​သို့ သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 19:28
3 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် နေ့တစ်ဝက်​ကျိုး​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ထိ သူ​တို့​ပရောဖက်ပြု​နေ​ကြ​သော်လည်း တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​ကို မ​ကြား​ရ​။ အရေးလုပ်သူ​လည်း မ​ရှိ​။


သူ့​ခင်ပွန်း​သည် နံနက်​ထ​၍ အိမ်​တံခါး​ဖွင့်​ကာ ခရီးဆက်​မည်​ပြု​သောအခါ လက်​ကို​တံခါးခုံ​ပေါ်​တင်​လျက် အိမ်​တံခါးဝ​တွင် လဲကျ​နေ​သော မယားငယ်​ကို တွေ့​လေ​၏​။


ညအချိန်​တွင် ဂိဗာ​မြို့သား​တို့​သည် အကျွန်ုပ်​ရှိ​ရာ​အိမ်​ကို​ဝိုင်း​ထား​ပြီး အကျွန်ုပ်​ကို​သတ်​ရန် ကြံစည်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​မယားငယ်​ကို​လည်း သေ​သည်​အထိ​အဓမ္မပြု​ကြ​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ