သူကြီး 20:5 - Common Language Bible5 ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ၎င်း မြို့ သား တို့ ထ ကြွ လျက်၊ ညဉ့် အ ခါ တည်း အိမ် ကို ဝန်း ဝိုင်း ကြ ပြီး လျှင် ကျွန် တော် ကို သတ် ရန် ကြံ ရွယ်၍ မ ယား ကို အ သ ရေ ရှုတ် ချ သ ဖြင့် သေ စေ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ညအခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက်သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ညအချိန်တွင် ဂိဗာမြို့သားတို့သည် အကျွန်ုပ်ရှိရာအိမ်ကိုဝိုင်းထားပြီး အကျွန်ုပ်ကိုသတ်ရန် ကြံစည်ကြပါ၏။ အကျွန်ုပ်၏မယားငယ်ကိုလည်း သေသည်အထိအဓမ္မပြုကြပါ၏။ အခန်းကိုကြည့်ပါ။ |
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။