ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
သူကြီး 20:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့ပတ်ပတ်လည်တွင် တပ်ပုန်းချထား၍ Common Language Bible ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌စစ်သားအချို့ကိုပုန်း အောင်း၍နေစေကြ၏။- Garrad Bible ဂိ ဗာ မြို့ ထက် ဝန်း ကျင်၌ တပ် ပုန်း များ ကို ဣ သ ရေ လ လူ မျိုး တို့ ချ ထား ကြ လေ၏။ Judson Bible ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊ |
ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ထံချီတက်ကာ ယခင်ကကဲ့သို့ပင် ဂိဗာမြို့နားတွင် နေရာယူကြပြန်သောအခါ
အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။