အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
သူကြီး 20:27 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားအား မေးလျှောက်ကြ၏။ (ထိုစဉ်က ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ဗေသလအရပ်တွင် ရှိ၍ Common Language Bible ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။ Garrad Bible ထို နေ့ ရက် ကာ လ၌ ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ သည် ၎င်း မြို့ တွင် ရှိ သည် ဖြစ်၍ ရှေ့ တော် ဝယ် အာ ရုန့် မြေး၊ ဧ လာ ဇာ့ သား ဖိ န ဟတ် ခ စား သည် နှင့် အ ကျွန်ုပ် တို့ အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရန် တစ် ဖန် ချီ ပြန် ရ ဦး မည် လော။ မ ချီ ဘဲ နေ ရ မည် လော ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ရာ ချီ ကြ ဦး။ နက် ဖြန် သင် တို့ လက် တွင်း သို့ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း Judson Bible ထိုကာလ၌ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည်ဖြစ်၍၊ |
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။
“ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
အာရုန်၏မြေး၊ ဧလာဇာ၏သား ဖိနဟတ်က အမှုတော်ဆောင်လျက်ရှိ၏။) သူတို့က “အကျွန်ုပ်တို့၏ညီအစ်ကို ဗင်္ယာမိန်အမျိုးသားတို့ကို နောက်တစ်ဖန် သွားတိုက်ရမည်လော၊ မတိုက်ဘဲ နေရမည်လော”ဟု ဆိုလေရာ ထာဝရဘုရားကလည်း “သွားလော့။ မနက်ဖြန် သူတို့ကို သင်တို့လက်သို့ အပ်မည်”ဟု မိန့်တော်မူ၏။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။