ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။
ဗင်္ယာမိန်တပ်သားတို့သည်လည်းဂိဗာမြို့မှ ဒုတိယအကြိမ်ထွက်လာကြ၏။ ဤအကြိမ် တွင်သူတို့သည်လက်နက်ကိုင် ဣသရေလ တပ်သားတစ်သောင်းရှစ်ထောင်ကိုသတ်ဖြတ် လိုက်ကြလေသည်။-
ဗင်္ယာ မိန့် အ နွယ် သား တို့ သည် ဂိ ဗာ မြို့ မှ ချီ ထွက် ဆီး ဆို့ လျက် ဣ သ ရေ လ အ မျိုး သား ဓား ကိုင် တစ် သောင်း ရှစ် ထောင် တို့ ကို သတ် လှဲ ကြ၏။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ဓားလက်နက်စွဲကိုင်သော ဣသရေလလူ တစ်သောင်းရှစ်ထောင်တို့ကို မြေပေါ်၌လှဲ၍ သတ်ကြ၏။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
“အို အစ္စရေး၊ သင်သည် ဂိဗာမြို့တွင်နေစဉ်ကာလ အပြစ်ပြုကြ၏။ အပြစ်ပြုသူတို့သည် ထိုအရပ်၌ ဆက်နေကြ၏။ ဂိဗာမြို့တွင် စစ်ဖြစ်စဉ်က သူတို့ကို မနှိမ်နင်းနိုင်ခဲ့ပေ။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
ဗင်္ယာမိန်အမျိုးသားတို့ကလည်း ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရာ ထိုနေ့တွင် အစ္စရေးလူမျိုး အယောက်နှစ်သောင်းနှစ်ထောင်ကို သတ်ပစ်လိုက်ကြ၏။
ထို့ကြောင့် ဒုတိယနေ့တွင် အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးသားတို့ထံ ချီတက်ကြ၏။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။