သူကြီး 20:25 - Common Language Bible25 ဗင်္ယာမိန်တပ်သားတို့သည်လည်းဂိဗာမြို့မှ ဒုတိယအကြိမ်ထွက်လာကြ၏။ ဤအကြိမ် တွင်သူတို့သည်လက်နက်ကိုင် ဣသရေလ တပ်သားတစ်သောင်းရှစ်ထောင်ကိုသတ်ဖြတ် လိုက်ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ဗင်္ယာ မိန့် အ နွယ် သား တို့ သည် ဂိ ဗာ မြို့ မှ ချီ ထွက် ဆီး ဆို့ လျက် ဣ သ ရေ လ အ မျိုး သား ဓား ကိုင် တစ် သောင်း ရှစ် ထောင် တို့ ကို သတ် လှဲ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible25 ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ဓားလက်နက်စွဲကိုင်သော ဣသရေလလူ တစ်သောင်းရှစ်ထောင်တို့ကို မြေပေါ်၌လှဲ၍ သတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ဗင်္ယာမိန်အမျိုးသားတို့သည်လည်း ဒုတိယနေ့တွင် ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရာ အစ္စရေးအမျိုးသား ဓားကိုင်သူရဲ အယောက်တစ်သောင်းရှစ်ထောင်ကို သတ်ပစ်ပြန်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။