ကမ္ဘာဦး 49:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဗင်္ယာ မိန် သည် ကိုက် စား တတ် သော ဝံ ပု လွေ သ ဖွယ် ဖြစ် ၏။ နံ နက် အ ချိန် ကိုက် ရ သော အ ကောင် ကို စား ၍ ညဉ့် အ ချိန် ဖမ်း မိ ရာ ကို ဝေ ဖန် လိမ့် မည် ဟု ယာ ကုပ် မြွက် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သောတောခွေးဖြစ်လိမ့်မည်။ ဖမ်းရသောအရာကို နံနက်အချိန်၌ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ဝေဖန်လိမ့်မည်ဟု မြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။