ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သူကြီး 2:7 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်သေးသောသူများဖြစ်သည့် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူသောကြီးမြတ်သည့်အမှုရှိသမျှတို့ကို သိမြင်ခဲ့ရသောသက်ကြီးဝါကြီးတို့လက်ထက်တွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ Common Language Bible ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။- Garrad Bible လူ မျိုး တော် သည် ယော ရှု လက် ထက် ကာ လ ပတ် လုံး မှ စ၍၊ ၎င်း လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခဲ့ သော အ မှု ကြီး အ လုံး စုံ ကို သိ မြင် သူ၊ ယော ရှု မ ရှိ နောက် အ သက် ရှင် သေး သော လူ ကြီး တို့ လက် ထပ် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ၏။ Judson Bible ယောရှုလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ |
ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။
အစ္စရေးလူမျိုးတို့သည် ယောရှုအသက်ရှင်စဉ်ကာလပတ်လုံးတွင်လည်းကောင်း၊ ယောရှုသေဆုံးသွားပြီးနောက် အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သည့်အရာရှိသမျှတို့ကို သိမြင်သောအသက်ရှင်ကျန်ရစ်သေးသည့် သက်ကြီးဝါကြီးတို့လက်ထက်ကာလပတ်လုံးတွင်လည်းကောင်း ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။
သို့သော် သူတို့သည် တရားသူကြီးတို့၏စကားကို နားမထောင်၊ အခြားဘုရားများကို ရှိခိုးကိုးကွယ်လျက် ဖောက်ပြန်မှားယွင်းကြ၏။ ဘိုးဘေးတို့ နာခံလိုက်လျှောက်ခဲ့ကြသောထာဝရဘုရား၏ပညတ်တရားလမ်းမှ အလျင်အမြန်လမ်းလွဲသွားကြ၏။ ထိုလမ်းအတိုင်း မလိုက်လျှောက်ကြ။
ယောရှုသည် အစ္စရေးအမျိုးသားတို့ကို ပြန်လွှတ်လိုက်သောအခါ သူတို့သည် မိမိအမွေမြေကို သိမ်းပိုက်ရန် အသီးသီး သွားကြ၏။