စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
သူကြီး 2:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။ Common Language Bible ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။- Garrad Bible လု ယက် သူ တို့ လက် မှ ကယ် ဆယ် သော တ ရား မင်း တို့ ကို ထာ ဝ ရ ဘု ရား ပေါ် ထွန်း စေ တော် မူ သော် လည်း၊ ၎င်း မင်း တို့ စ ကား ကို မ လိုက် မ နာ။ Judson Bible သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။ |
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့်ကြာ၏။ ထို့နောက် ပရောဖက်ရှမွေလခေတ်တိုင်အောင် သူတို့အား တရားသူကြီးများကို ပေးတော်မူ၏။
အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။
ထို့နောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်လေ၏။ ထာဝရဘုရားကလည်း သူတို့ကို ယေဖသလက်သို့ အပ်တော်မူ၏။
ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ပြန်သဖြင့် ထာဝရဘုရားက ဗင်္ယာမိန်အမျိုး၊ ဂေရ၏သား လက်ဝဲလက်အားသန်သူဧဟုဒကို ကယ်တင်သူအဖြစ် ပေါ်ထွန်းစေပြန်၏။ တစ်ခါတွင် အစ္စရေးအမျိုးသားတို့သည် ဧဟုဒမှတစ်ဆင့် မောဘဘုရင်ဧဂလုန်မင်းကြီးထံ လက်ဆောင်ဆက်သစေ၏။
ဧဟုဒနောက်တွင် အာနတ်၏သား ရှံဂါပေါ်ထွန်း၍ သူသည် ဖိလိတ္တိလူမျိုးခြောက်ရာကို နွားနှင်တံဖြင့် သတ်၍ အစ္စရေးလူမျိုးတို့ကို ကယ်တင်ခဲ့၏။
သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။
ထာဝရဘုရားသည် သူ့ကိုကြည့်၍ “သင့်ကို ငါစေလွှတ်သည် မဟုတ်လော။ သင်၌ရှိသောခွန်အားဖြင့် အစ္စရေးလူမျိုးတို့ကို မိဒျန်လူမျိုးလက်မှ သွား၍ကယ်တင်လော့”ဟု မိန့်တော်မူ၏။
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။
ထို့ကြောင့် ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗေဒန်၊ ယေဖသနှင့် ရှမွေလတို့ကိုစေလွှတ်၍ သင်တို့ဝန်းကျင်ရှိရန်သူတို့လက်မှ သင်တို့ကို ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးကင်းလုံခြုံစွာနေရကြ၏။
သူသည် ရဲစွမ်းသတ္တိအပြည့်ရှိသူဖြစ်၏။ အာမလက်လူမျိုးတို့ကို ချေမှုန်း၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လုယက်သူတို့၏လက်မှ ကယ်နုတ်ခဲ့၏။