သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
သူကြီး 18:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က “ငါတို့သွားနေသောခရီးစဉ် အောင်မြင်မည်၊ မအောင်မြင်မည်ကို သိနိုင်ရန် ဘုရားသခင်ထံမေးလျှောက်ပေးပါလော့”ဟု သူ့အားဆိုလေ၏။ Common Language Bible ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။ Garrad Bible သူ တို့ က၊ ခ ရီး မှု သည် အ ထ မြောက် မည် မ မြောက် မည် ကို သိ ရ ရန် ဘု ရား သ ခင် အား မေး လျှောက် ပါ ဟု တောင်း ပန် ကြ သည့် အ တိုင်း Judson Bible သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊ |
သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
လူကြီးလူငယ်ရှိသမျှတို့သည် သူ့ကိုအာရုံစိုက်လျက် “ဤသူသည် ကြီးမြတ်ခြင်းဟုခေါ်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်”ဟု ဆိုကြ၏။
မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။
ယဇ်ပုရောဟိတ်က သူတို့အား “အေးအေးချမ်းချမ်းသွားပါ။ သင်တို့ခရီးစဉ်တွင် ထာဝရဘုရားပါရှိတော်မူပါ၏”ဟု ပြန်ပြော၏။
(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)