Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သူ​က​လည်း “​မိက္ခာ​သည် အကျွန်ုပ်​လိုအပ်​သော​အရာ​ကို ပေး​၍ သူ​၏​ယဇ်ပုရောဟိတ်​အဖြစ် အကျွန်ုပ်​ကို​ငှား​ထား​ပါ​သည်​”​ဟု ပြန်ဖြေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထို ထို ဤ ဤ မိ က္ခာ ပြု လုပ်၍ ငါ့ ကို ပ ရော ဟိတ် အ ဖြစ် ငှား ထား လေ ပြီ ဟု ပြန် ဆို လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သူ​က၊ မိ​က္ခာ​သည် ဤ​မည်​သော​အ​မှု ဤ​မည်​သော​အ​ရာ​ကို ပေး၍ ငါ့​ကို​ငှား​သ​ဖြင့်၊ ငါ​သည် သူ၏​ယဇ်​ပု​ရော​ဟိတ် လုပ်​နေ​သည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:4
16 ပူးပေါင်းရင်းမြစ်များ  

မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။ သို့သော် လူ​သည် မုန့်​တစ်လုတ်စာ​အတွက် အပြစ်ကျူးလွန်​တတ်​၏​။


စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။


သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။


သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊


ထို​သူ​တို့​ကို နှုတ်ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မစင်ကြယ်​သော​အကျိုးစီးပွား​အတွက် မ​သွန်သင်​အပ်​သော​အရာ​များ​ကို​သွန်သင်​လျက် မိသားစု​များ​ကို အစု​လိုက်​ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


မိက္ခာ​က​လည်း “​အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​၏​ယဇ်ပုရောဟိတ်​အဖြစ် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ပါ​။ တစ်​နှစ်​လျှင် ငွေစ​တစ်ဆယ်​၊ အဝတ်​တစ်စုံ​နှင့်​အစားအစာ​ကို​ပေး​မည်​”​ဟု ဆို​လျှင် လေဝိ​လူငယ်​သည် အိမ်​ထဲသို့​ဝင်သွား​၏​။


မိက္ခာ​သည် ထို​လေဝိ​လူငယ်​ကို ယဇ်ပုရောဟိတ်​အဖြစ် ခန့်အပ်​ထား​သဖြင့် သူ​သည် မိက္ခာ​၏​အိမ်​၌​နေထိုင်​လေ​၏​။


သူ​တို့​သည် မိက္ခာ​၏​ဝတ်ကျောင်း​၌​ရှိ​စဉ် လေဝိ​လူငယ်​၏​အသံ​ကို သတိထား​မိ​သဖြင့် သူ့​ထံသို့​သွား​၍ “​သင့်​ကို​ဤ​အရပ်​သို့ မည်သူ​ခေါ်လာ​သနည်း​။ သင်​သည် ဤ​နေရာ​၌ ဘာ​လုပ်​နေ​သနည်း​။ သင်​သည် အဘယ်ကြောင့်​ဤ​အရပ်​၌​ရှိ​နေ​သနည်း​”​ဟု မေးမြန်း​ကြ​၏​။


ထိုအခါ သူ​တို့​က “​ငါ​တို့​သွား​နေ​သော​ခရီးစဉ် အောင်မြင်​မည်​၊ မအောင်မြင်​မည်​ကို သိ​နိုင်​ရန် ဘုရားသခင်​ထံ​မေးလျှောက်​ပေး​ပါ​လော့​”​ဟု သူ့​အား​ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ