သူကြီး 18:27 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။ Common Language Bible ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။- Garrad Bible ဒန့် အ နွယ် သား တို့ သည် မိ က္ခာ ပြု လုပ် ခဲ့ သော အ ရုပ် များ နှင့် ငှား ထား သော ပ ရော ဟိတ် ကို ခေါ် သွား လျက် ဘေး ကင်း၍ ငြိမ်း ချမ်း စွာ နေ ထိုင် သော လဲ ရှ မြို့ သား တို့ ရှိ ရာ သို့ ရောက် လျှင် ဓား ဖြင့် သတ် သည့် ပြင် မြို့ ကို မီး တိုက် ကြ ကုန်၏။ Judson Bible ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သောအရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ရောက်သဖြင့် ဓားနှင့်လုပ်ကြံ၍ မြို့ကိုမီးရှို့ကြ၏။ |
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။
မြို့သူမြို့သားအားလုံးကိုလည်း ဓားဖြင့်လုပ်ကြံ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိအောင် ဖျက်ဆီး၏။ ထို့နောက် ဟာဇော်မြို့ကို မီးရှို့ပစ်၏။
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။
ခရီးဆက်သွားကြ၏။ မိက္ခာကလည်း ဒန်အမျိုးသားတို့သည် မိမိထက်ပို၍အားကြီးကြောင်း သိမြင်သဖြင့် နောက်ပြန်လှည့်၍ အိမ်သို့ပြန်သွားလေ၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
ဂိဒေါင်သည် နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ဘက်၊ တဲ၌နေထိုင်လေ့ရှိသောသူတို့ သွားလာသောလမ်းအတိုင်း ချီတက်သွား၍ စိတ်အေးလက်အေးနေနေသော မိဒျန်တပ်စခန်းကို တိုက်လေ၏။