သူကြီး 18:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 သွား ခဲ့ သော် ငြိမ်း ချမ်း စွာ နေ ထိုင် သော လူ မျိုး ထံ ရောက် လိမ့် မည်။ နယ် လည်း ကျယ် ဝန်း လှ၏။ လော က တွင် ပေါ် သ မျှ သော အ ရာ နှင့် ပြည့် စုံ သည်။ ထို ဌာ န ကို သင် တို့ လက် တွင်း သို့ ဘု ရား သ ခင် အပ် နှင်း တော် မူ လေ ပြီ ဟု ပြန် ကြား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသောပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။