သူကြီး 18:27 - Common Language Bible27-28 ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible27 ဒန့် အ နွယ် သား တို့ သည် မိ က္ခာ ပြု လုပ် ခဲ့ သော အ ရုပ် များ နှင့် ငှား ထား သော ပ ရော ဟိတ် ကို ခေါ် သွား လျက် ဘေး ကင်း၍ ငြိမ်း ချမ်း စွာ နေ ထိုင် သော လဲ ရှ မြို့ သား တို့ ရှိ ရာ သို့ ရောက် လျှင် ဓား ဖြင့် သတ် သည့် ပြင် မြို့ ကို မီး တိုက် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သောအရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ရောက်သဖြင့် ဓားနှင့်လုပ်ကြံ၍ မြို့ကိုမီးရှို့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-