အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။
သူကြီး 17:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူသည် ယုဒပြည်၊ ဗက်လင်မြို့မှထွက်ခွာ၍ တည်းခိုရာနေရာကို ရှာရင်း၊ ခရီးသွားရင်း ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ရောက်လာ၏။ Common Language Bible အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။- Garrad Bible ခ ရီး မှု ထ မြောက် ရာ အ ရပ်၌ တည်း ခို ရ အံ့ သော ငှာ ထွက်၍ ခ ရီး သွား စဉ် ဧ ဖ ရိမ် ခင် တန်း ရှိ မိ က္ခာ အိမ် သို့ ရောက် ရာ Judson Bible တစ်ဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။ |
အာရုန်၏သားဧလာဇာလည်း သေဆုံးသဖြင့် ဧဖရိမ်တောင်ပေါ်ဒေသတွင် သူ့သားဖိနဟတ်အမွေမြေရထားသည့် ဖိနဟတ်တောင်ကုန်း၌ သင်္ဂြိုဟ်လေ၏။
လေဝိလူငယ်သည် မိက္ခာနှင့်အတူနေထိုင်ရန်သဘောတူပြီး မိက္ခာ၏သားအရင်းသဖွယ် ဖြစ်လာ၏။
လေဝိလူငယ်တစ်ယောက်သည် ယုဒမျိုးနွယ်စုအပိုင် ယုဒပြည်၊ ဗက်လင်မြို့၌ တည်းခိုနေထိုင်၏။
မိက္ခာက သူ့အား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေသော် သူက “အကျွန်ုပ်သည် လေဝိအမျိုးဖြစ်၏။ ယုဒပြည်၊ ဗက်လင်မြို့မှ လာပါ၏။ အကျွန်ုပ်သည် တည်းခိုရာနေရာကို ရှာနေပါ၏”ဟု ပြန်ပြောလေ၏။
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။