အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင်မရှိမီ ဧဒုံပြည်ကိုစိုးစံသောဘုရင်များမှာ ဤသူတို့တည်း။
သူကြီး 17:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်းပြုကြ၏။ Common Language Bible ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။ Garrad Bible ထို ကာ လ ဣ သ ရေ လ လူ မျိုး တွင် ဘု ရင် မ ရှိ သည် ဖြစ်၍ လူ တိုင်း ကိုယ့် အ လို ရှိ ရာ လိုက် သ တည်း။ Judson Bible ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ |
အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင်မရှိမီ ဧဒုံပြည်ကိုစိုးစံသောဘုရင်များမှာ ဤသူတို့တည်း။
သူတို့က “ငါတို့သည် ငါတို့၏စကားဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။ ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။
ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။
လူမျိုးတော်အကြီးအမှူးတို့သည် အစ္စရေးမျိုးနွယ်တို့နှင့်အတူ စုဝေးကြသောအခါ ကိုယ်တော်သည် ယေရှုရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်တော်မူ၏။
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။
အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိသေးသောကာလတွင် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ တည်းခိုနေထိုင်သော လေဝိလူတစ်ယောက်ရှိ၏။ သူသည် ယုဒနယ်၊ ဗက်လင်မြို့သူတစ်ယောက်ကို မယားငယ်အဖြစ်ယူထား၏။
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်း ပြုကြ၏။
“အို အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးအမျိုးအနွယ်ထဲတွင် အမျိုးတစ်မျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး အဘယ်ကြောင့်ဖြစ်ရသနည်း”ဟု လျှောက်ဆိုကြ၏။