သူကြီး 16:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။ Common Language Bible ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။ Garrad Bible ဖိ လိ တ္တိ မင်း တို့ သည် ထို မိန်း မ ထံ လာ ရောက်၍ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှာ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း သင် သိ ရန် ရှံ ဆုန် အား ဖြား ယောင်း ပါ။ ငါ တို့ တစ် ယောက် လျှင် ငွေ ဆယ့် တစ် ပိဿာ စီ ပေး ပါ မည် ဟု ဝန် ခံ ကြ ပြီး သော်၊ Judson Bible ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။ |
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
“ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။
ထို့နောက်မှ ရှံဆုန်သည် စောရက်ချိုင့်ဝှမ်းဒေသရှိ ဒေလိလအမည်ရှိသောအမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ပြန်၏။
ဒေလိလကလည်း ရှံဆုန်အား “သင်၏ကြီးမားသောခွန်အားကား အဘယ်ကဖြစ်သနည်း။ သင့်ကို မည်သည့်နည်းဖြင့် ချုပ်နှောင်နှိပ်စက်နိုင်မည်နည်း။ အကျွန်ုပ်အား ပြောပြပါလော့”ဟု မေးလေ၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။