Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 16:5 - Common Language Bible

5 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဖိ လိ တ္တိ မင်း တို့ သည် ထို မိန်း မ ထံ လာ ရောက်၍ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှာ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း သင် သိ ရန် ရှံ ဆုန် အား ဖြား ယောင်း ပါ။ ငါ တို့ တစ် ယောက် လျှင် ငွေ ဆယ့် တစ် ပိဿာ စီ ပေး ပါ မည် ဟု ဝန် ခံ ကြ ပြီး သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့ကြောင့် ဖိလိတ္တိ​မင်း​တို့​သည် ဒေလိလ​ထံသို့​လာ​၍ “​ရှံဆုန်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်​က​ဖြစ်ကြောင်း​၊ သူ့​ကို မည်သည့်​နည်း​ဖြင့် ဖမ်းဆီးချုပ်နှောင်​နှိပ်စက်​နိုင်​ကြောင်း​ကို သူ့​အား ချော့မော့​မေးမြန်း​ကြည့်​လော့​။ ငါ​တို့​သည် သင့်​အား ငွေစ တစ်ထောင့်​တစ်ရာ​စီ ပေး​မည်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 16:5
17 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌​ဧ​သော​သည်​ဧ​ဒုံ​ပြည်​သို့​ပြန်​သွား လေ​သည်။-


သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-


``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-


နှင့်​တောင်​ပိုင်း​ရှိ​အာ​ဝိ​အ​မျိုး​သား​တို့​ပိုင်​တစ် နယ်​လုံး​ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။ (အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​တွင်​ရှိ​သော​ရှိ​ဟော​ရ ချောင်း​မှ မြောက်​ဘက်​ဧ​ကြုန်​နယ်​နိ​မိတ်​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​သည် ခါ​နာန်​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​နယ်​မြေ​ဖြစ်​၏။ ဖိ​လိတ္တိ မင်း​တို့​သည်​ဂါ​ဇ​မြို့၊ အာ​ဇုတ်​မြို့၊ ဧ​ရှ က​လုန်​မြို့၊ ဂဒ်​မြို့​နှင့်​ဧ​ကြုန်​မြို့​များ​တွင် စိုး​စံ​သည်။-)


လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​က ရှံ​ဆုန်​၏ ဇ​နီး​အား``သင်​၏​ခင်​ပွန်း​ကို​လှည့်​ဖြား​၍​ထို စ​ကား​ထာ​ကို​ငါ​တို့​သိ​ရှိ​ရ​အောင်​ဖော်​ပြ ခိုင်း​ပါ​လော့။ အ​ကယ်​၍​ဤ​သို့​သင်​မ​ပြု​ပါ မူ​သင်​နှင့်​တ​ကွ​သင့်​ဖ​ခင်​၏​နေ​အိမ်​ကို​ပါ ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်။ သင်​တို့​ဇ​နီး မောင်​နှံ​နှစ်​ယောက်​သည် ငါ​တို့​၏​ပစ္စည်း​ဥစ္စာ ကို​လု​ယူ​လို​၍​ငါ​တို့​အား​ဖိတ်​ခေါ်​ခဲ့ သည်​မ​ဟုတ်​လော'' ဟု​ကြိမ်း​မောင်း​ကြ​၏။


ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-


သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။


သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။ သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-


ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-


အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ