ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူကြီး 16:30 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။ Common Language Bible ``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။ Garrad Bible အား ဆည်း၍ ဖိ လိ တ္တိ လူ မျိုး တို့ နှင့် တ ကွ သေ ရ ပါ စေ ဟု ဆို လျက် အား ကြီး စွာ ကိုယ် ကို ကုန်း ဝပ် လေ သော်၊ မင်း တို့ မှ စ၍ အ တွင်း ရှိ ပြည် သူ ပြည် သား တို့ အ ပေါ်၌ ကျောင်း ပြို ပိ သ ဖြင့် သေ ဆဲ တွင် သတ် သော သူ တို့ ကား အ သက် ရှင် စဉ် သတ် ခဲ့ သူ တို့ ထက် များ ပြား သေး ၏။ Judson Bible အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟုဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ ဇရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။ |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ဘေးဒုက္ခသည် ဒုစရိုက်ပြုသောသူတို့အဖို့၊ ကပ်ဘေးသည် အပြစ်ကျူးလွန်သောသူတို့အဖို့ မဟုတ်လော။
သင်တို့သည် မည်မျှကြာအောင် လူကိုပြင်းထန်စွာတိုက်ခိုက်ကြမည်နည်း။ သင်တို့အားလုံးသည် တိမ်းစောင်းနေသောနံရံနှင့် လှုပ်နဲ့နေသောခြံစည်းရိုးကဲ့သို့သောသူကို သတ်ဖြတ်ကြမည်လော။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။
မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင်
သူတို့ကို အကြီးအကျယ်တိုက်ခိုက်သတ်ဖြတ်ပစ်၏။ ထို့နောက် ဧတံကျောက်ဂူထဲ၌ ဝင်နေလေ၏။
ထို့နောက် ရှံဆုန်သည် ဝတ်ကျောင်း၏အလယ်တိုင်မကြီးနှစ်တိုင်ကို လှမ်းကိုင်ပြီး လက်ဝဲလက်ဖြင့်တစ်တိုင်၊ လက်ယာလက်ဖြင့်တစ်တိုင် ထောက်ထားလျက်
ရှံဆုန်၏ညီအစ်ကိုများနှင့် ဆွေမျိုးသားချင်းတို့သည် လာ၍အလောင်းကို သယ်သွားပြီးလျှင် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ သူ့ဖခင်မာနော်၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်၏။