သူကြီး 16:30 - Common Language Bible30 ``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။ အခန်းကိုကြည့်ပါ။Garrad Bible30 အား ဆည်း၍ ဖိ လိ တ္တိ လူ မျိုး တို့ နှင့် တ ကွ သေ ရ ပါ စေ ဟု ဆို လျက် အား ကြီး စွာ ကိုယ် ကို ကုန်း ဝပ် လေ သော်၊ မင်း တို့ မှ စ၍ အ တွင်း ရှိ ပြည် သူ ပြည် သား တို့ အ ပေါ်၌ ကျောင်း ပြို ပိ သ ဖြင့် သေ ဆဲ တွင် သတ် သော သူ တို့ ကား အ သက် ရှင် စဉ် သတ် ခဲ့ သူ တို့ ထက် များ ပြား သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible30 အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟုဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ ဇရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 “အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။-
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။