ထို့ကြောင့် ရှံဆုန်သည် မြေခွေးအကောင်သုံးရာကို သွားဖမ်းပြီးလျှင် နှစ်ကောင်စီကို အမြီးအမြီးချင်း ပူးချည်လျက် အမြီးနှစ်ခုကြားတွင် မီးတုတ်ကို ချည်ထား၏။
ထွက်သွားပြီးလျှင်မြေခွေးသုံးရာကိုဖမ်း ဆီး၍ နှစ်ကောင်တစ်တွဲအမြီးချင်းဆက်ကာ အမြီးထုံးကြားထဲတွင်မီးတုတ်ကိုချည် ၏။-
ရှံ ဆုန် ထွက် သွား ပြီး လျှင် မြေ ခွေး သုံး ရာ ကို ဖမ်း ဆီး၍ နှစ် ကောင် စီ အ မြီး ချင်း ဆက် သွယ် လျက် ကြား၌ မီး ထုတ် ချည်၍
သွား၍ မြေခွေးသုံးရာတို့ကို ဖမ်းပြီးမှ၊ မြေခွေးအမြီး တစ်ခုနှင့်တစ်ခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊
ထို့ကြောင့် အဗရှလုံက မိမိ၏အစေအပါးတို့အား “ကြည့်ပါ။ ယွာဘ၏လယ်ကွက်သည် ငါ့လယ်ကွက်နှင့်ကပ်လျက်ရှိ၏။ မုယောစပါးများလည်း စိုက်ထား၏။ သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြပါ”ဟု ဆိုသဖြင့် အဗရှလုံ၏အစေအပါးတို့သည် သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြ၏။
သူတို့သည် ဓားသွားအောက်ကျရောက်၍ တောခွေးတို့၏အစာဖြစ်ကြရလိမ့်မည်။
မိမိ၏အိမ်နီးချင်းကို လှည့်စားပြီး “ငါသည် ကျီစားရုံသာဖြစ်၏”ဟု ပြောဆိုသောသူသည် သေစေတတ်သောမီးတုတ်နှင့် မြားကို ပစ်ခတ်တတ်သောအရူးနှင့်တူ၏။
“အကျွန်ုပ်တို့၏စပျစ်ပင်တို့ ပွင့်လေပြီ။ စပျစ်ပင်တို့ကို ဖျက်ဆီးနေသော မြေခွေးကြီးမြေခွေးငယ်များကို ဖမ်းဆီးပေးကြပါ။”
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
ဇိအုန်တောင်ပေါ်၌ လူသူကင်းမဲ့သောကြောင့် တောခွေးတို့ သွားလာနေကြပါ၏။
ရှံဆုန်က “ယခုတစ်ကြိမ် ဖိလိတ္တိလူမျိုးတို့ကို ငါဒုက္ခပေးမည်ဆိုလျှင်လည်း ငါ့အပြစ်မဟုတ်”ဟု ဆို၏။
ထို့နောက် မီးတုတ်ကို မီးညှိပြီး ဖိလိတ္တိလူမျိုးတို့၏ကောက်ပဲသီးနှံခင်းထဲသို့လွှတ်လိုက်ရာ ကောက်လှိုင်းများနှင့် ကောက်ပဲသီးနှံများသာမက စပျစ်ပင်၊ သံလွင်ပင်များပါမကျန် မီးလောင်ကျွမ်းလေ၏။