ရှံဆုန်က “ယခုတစ်ကြိမ် ဖိလိတ္တိလူမျိုးတို့ကို ငါဒုက္ခပေးမည်ဆိုလျှင်လည်း ငါ့အပြစ်မဟုတ်”ဟု ဆို၏။
ရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊-
ယ ခု တစ် ကြိမ် ဖိ လိ တ္တိ လူ မျိုး တို့၌ ဘေး သင့် စေ သော် လည်း အ ပြစ် နှင့် ငါ ကင်း စင် လိမ့် မည် ဟု ပြန် ဆို လျက်
ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကိုအပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
ထို့ကြောင့် အဗရှလုံက မိမိ၏အစေအပါးတို့အား “ကြည့်ပါ။ ယွာဘ၏လယ်ကွက်သည် ငါ့လယ်ကွက်နှင့်ကပ်လျက်ရှိ၏။ မုယောစပါးများလည်း စိုက်ထား၏။ သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြပါ”ဟု ဆိုသဖြင့် အဗရှလုံ၏အစေအပါးတို့သည် သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြ၏။
ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
မိန်းကလေး၏ဖခင်က “သင်သည် ငါ့သမီးကို မုန်းသွားပြီဟု ငါထင်သောကြောင့် သူ့ကို သင့်အဖော်နှင့်ပေးစားလိုက်ပြီ။ သူ့ညီမသည် သူ့ထက်ပို၍လှသည်မဟုတ်လော။ သူ့အစား သူ့ညီမကို ယူပါ”ဟု ဆို၏။
ထို့ကြောင့် ရှံဆုန်သည် မြေခွေးအကောင်သုံးရာကို သွားဖမ်းပြီးလျှင် နှစ်ကောင်စီကို အမြီးအမြီးချင်း ပူးချည်လျက် အမြီးနှစ်ခုကြားတွင် မီးတုတ်ကို ချည်ထား၏။