ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
သူကြီး 12:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် သေဆုံး၍ သူ့ကို ဧဖရိမ်နယ်မြေ၊ အာမလက်တောင်ပေါ်ဒေသရှိ ပိရသုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။ Common Language Bible ကွယ်လွန်သော်သူ၏ရုပ်အလောင်းကိုအာ မလက်တောင်ကုန်းဒေသ၊ ဧဖရိမ်နယ်ရှိ ပိရသုန်မြို့၌သင်္ဂြိုဟ်ကြ၏။ Garrad Bible ပိ ရ သုန် မြို့ နေ၊ ဟိ လေ လ သား အာ ဗ ဒုန် ကွယ် လွန် သော်၊ ဧ ဖ ရိမ် နယ်၊ အာ မ လက် လူ မျိုး နေ ရာ ခင် တန်း ပေါ် ရှိ ပိ ရ သုန် မြို့ တွင် သင်္ဂြိုဟ် ခြင်း ခံ လေ၏။ Judson Bible ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှသေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ထို့နောက် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရေဖိဒိမ်အရပ်၌ လာ၍တိုက်ခိုက်ကြ၏။
ဧလုန်သေဆုံးပြီးနောက်တွင် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။
ဧဂလုန်မင်းကြီးသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုရုံး၍ အစ္စရေးလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး စွန်ပလွံမြို့ကို သိမ်းပိုက်ကြ၏။
ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက်
အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
ထိုအခါ ရှောလုမင်းကြီးသည် ဟဝိလအရပ်မှ အီဂျစ်ပြည်အရှေ့ဘက်ရှိ ရှုရအရပ်တိုင်အောင် အာမလက်လူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းလေ၏။