ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
သူကြီး 10:9 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။ Common Language Bible အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။ Garrad Bible ၎င်း ပြင် အ မ္မုန် အ မျိုး သား တို့ သည် ယော် ဒန် မြစ် ကို ကူး ပြီး လျှင် ယုဒ၊ ဗင်္ယာ မိန့်၊ ဧ ဖ ရိမ့် အ နွယ် သား တို့ ကို တိုက် ခိုက် သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ပြင်း စွာ ဒု က္ခ ရောက် ကြ ၏။ Judson Bible အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။ |
ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
ထိုကာလ၌ တိုင်းပြည်တွင်နေထိုင်သူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေရပြီး သွားလာရာတွင်လည်း လုံခြုံမှုမရှိခဲ့ကြ။
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။
ထိုအခါ အစ္စရေးအမျိုးသားတို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကို စွန့်ပယ်၍ ဗာလဘုရားကို ဝတ်ပြုမိပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်လျှောက်ဆိုကြ၏။
ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။
ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။
ထာဝရဘုရား ကျိန်ဆိုမိန့်မြွက်သည့်အတိုင်း သူတို့ စစ်ချီလေရာရာ၌ ထာဝရဘုရား၏လက်တော်သည် သူတို့အပေါ် ကျရောက်သဖြင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရ၍ အလွန်ဒုက္ခရောက်ရကြ၏။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။