ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။
သူကြီး 10:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးအမျိုးသားတို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကို စွန့်ပယ်၍ ဗာလဘုရားကို ဝတ်ပြုမိပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်လျှောက်ဆိုကြ၏။ Common Language Bible ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။ Garrad Bible ထို အ ခါ ဣ သရေ လ အ မျိုး သား တို့ က၊ အ ကျွန်ုပ် တို့ သည် ကိုယ့် ဘု ရား ကို စွန့် ပယ် လျက်၊ ဗာ လ နတ် ကို ဝတ် ပြု ရာ၌ ပြစ် မှား မိ ပါ ပြီ ဟု ထာ ဝ ရ ဘု ရား အား အော် ဟစ် ကြ သော်၊ Judson Bible ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ |
ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။
ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။
ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။
ထိုဘုရင်၌ သံစစ်ရထားအစီး ကိုးရာရှိ၏။ သူသည် အစ္စရေးအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး ရက်ရက်စက်စက်ညှဉ်းဆဲသောကြောင့် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။
အစ္စရေးလူမျိုးတို့သည် မိဒျန်လူမျိုးတို့ကြောင့် အလွန်ဆင်းရဲဒုက္ခရောက်လေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံအော်ဟစ်ကြပြန်၏။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။