နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။
သူကြီး 1:30 - မြန်မာ့စံမီသမ္မာကျမ်း ဇာဗုလုန်အမျိုးအနွယ်သည်လည်း ကိတရုန်မြို့သား၊ နဟာလောလမြို့သား တို့ကို မနှင်ထုတ်သောကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူနေထိုင်၍ အခွန်ဆက်သကြ၏။ Common Language Bible ဇေဗုလုန်အနွယ်ဝင်တို့ကလည်း ကိတရုန် မြို့နှင့်နဟာလောလမြို့တို့တွင်နေထိုင်သူ တို့အားနှင်မထုတ်ဘဲနေကြသဖြင့် ခါနာန် အမျိုးသားတို့သည်သူတို့နှင့်အတူဆက် လက်နေလျက်သူတို့၏ချွေးတပ်ဆွဲခြင်း ကိုခံရကြ၏။ Garrad Bible ထို နည်း တူ ဇာ ဗု လုန် အ နွယ် သည် ကိ တ ရုန် မြို့ သား၊ နာ ဟာ လော လ မြို့ သား တို့ ကို မ နှင် ထုတ် ဘဲ ထို ခါ န နိ လူ မျိုး တို့ ရော ပြွမ်း နေ ထိုင် လျက်၊ လ မိုင်း အ မှု ကို ထမ်း ရ ကြ ၏။ Judson Bible ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။ |
နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။
ထိုနယ်နိမိတ်တွင် ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့ အပါအဝင် မြို့တစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ထို့ကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူ ဂေဇာမြို့၌ နေထိုင်ကြ၏။
အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။