ကမ္ဘာဦး 49:15 - မြန်မာ့စံမီသမ္မာကျမ်း15 နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 နား နေ ရာ ကောင်း သည် ကို လည်း ကောင်း၊ မြေ သာ ယာ သည် ကို လည်း ကောင်း မြင် ၍ ကျောက် ကုန်း ကို ဝန် အောက်၌ ညွတ် ခံ လျက် လ မိုင်း အ မှု ထမ်း ဖြစ် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible15 ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။