ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
သုတ္တံကျမ်း။ 9:9 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။ Common Language Bible ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။ Garrad Bible ပ ညာ ရှိ ကို ဆုံး မ လျှင်၊ သူ၌ ပ ညာ တိုး ပွား လိမ့် မည်။ ဖြောင့် မတ် သော သူ့ ကို သွန် သင် လျှင်၊ သူ၌ အ သိ အ မြင် များ ပြား လိမ့် မည်။ Judson Bible ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။ |
ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ဘုရားသခင့်သားတော်၏နာမတော်ကိုယုံကြည်သောသင်တို့ထံ ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့သည် ထာဝရအသက်ကိုရရှိပြီဖြစ်ကြောင်း သင်တို့သိကြစေရန်ဖြစ်၏။