သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။ သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
သုတ္တံကျမ်း။ 8:18 - မြန်မာ့စံမီသမ္မာကျမ်း ဓနဥစ္စာနှင့်ဂုဏ်သရေ၊ တည်မြဲသောစည်းစိမ်ဥစ္စာနှင့် ဖြောင့်မတ်ခြင်းသည် ငါနှင့်အတူရှိ၏။ Common Language Bible ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ Garrad Bible ကြွယ် ဝ ခြင်း နှင့် ဂုဏ် အ သ ရေ သည် လည်း ကောင်း၊ စည်း စိမ် ထူး နှင့် ကောင်း စား ခြင်း သည် လည်း ကောင်း၊ ငါ၌ ရှိ ၏။ Judson Bible ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ |
သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။ သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
အသိပညာအားဖြင့် အခန်းများသည် အဖိုးတန်၍ နှစ်လိုဖွယ်ကောင်းသောစည်းစိမ်ဥစ္စာအပေါင်းတို့နှင့် ပြည့်ရ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
သို့သော် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သည့်အပိုင်းကို ရွေးချယ်ပြီဖြစ်၍ ၎င်းကို သူ့ထံမှမနုတ်မပယ်ရာ”ဟု မိန့်တော်မူ၏။
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။