အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
သုတ္တံကျမ်း။ 7:5 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။ Common Language Bible သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။ Judson Bible သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။ |
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
အကြောင်းမူကား အကျင့်ဖောက်ပြားသောမိန်းမ၏နှုတ်ခမ်းမှ ပျားရည်ယိုစီး၍ သူ၏နှုတ်သည် ဆီထက်ချောမွေ့၏။
မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
ဉာဏ်ပညာအား “သင်သည် ငါ၏အစ်မဖြစ်သည်”ဟု ဆို၍ အသိဉာဏ်အား “ဆွေမျိုးသားချင်း”ဟု ခေါ်လော့။