အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
သုတ္တံကျမ်း။ 7:24 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏နှုတ်ထွက်စကားတို့ကိုလည်း အာရုံစိုက်နားထောင်ကြလော့။ Common Language Bible သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ Garrad Bible သို့ ဖြစ်၍ ငါ့ သား၊ ငါ နှုတ် မြွက် သော စ ကား ကို နာ ခံ နာ ယူ လော့။ Judson Bible သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ |
အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
ပညာရှိသောသားသည် ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်တတ်၏။ ပြက်ရယ်ပြုသောသားမူကား ဆုံးမစကားကို နားမထောင်တတ်။
သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။ အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏နှုတ်ထွက်စကားတို့မှလည်း ဖယ်ခွာမသွားကြနှင့်။
ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။