ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
သုတ္တံကျမ်း။ 7:17 - မြန်မာ့စံမီသမ္မာကျမ်း ကျွန်မ၏အိပ်ရာကို မုရန်၊ သစ်မွှေးနှင့် သစ်ကြံပိုးနံ့သာတို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါပြီ။ Common Language Bible ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။ Garrad Bible အိပ် ရာ ကို လည်း၊ မု ရန်၊ အ ကျော်၊ သစ် ကြံ ပိုး ဖြင့် ထုံ ပါ ပြီ။ Judson Bible ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့် ထုံပြီ။ |
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
“သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ်၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊ မွှေးကြိုင်သောခါနဲ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
ဥဇလအရပ်မှ ဝေဒန်ပြည်သား၊ ယာဝန်ပြည်သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သံထည်၊ ကရဝေး၊ ခါနဲများကို သင်၏ကုန်ပစ္စည်းများနှင့် လှဲလှယ်ကြ၏။
ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။