သုတ္တံကျမ်း။ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။ Common Language Bible ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။ Garrad Bible ငါ့ သား၊ ငါ့ စ ကား ကို စောင့် ရှောက်၍၊ ငါ့ ပ ညတ် များ ကို ပိုက် ကျုံး လော့။ Judson Bible ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌သိုထားလော့။ |
ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။
ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။ သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ သင်တို့အား ငါဆင့်ဆိုသော လမ်းမှလွှဲ၍ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်သွားလျှင် ကျိန်ခြင်းဖြစ်မည်။
အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင့်ညီအစ်ကိုများဖြစ်ကြသည့် ပရောဖက်များနှင့် ဤစာစောင်၌ပါသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူများ၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့”ဟု ဆို၏။