နွေရာသီ၌ ရှာဖွေစုဆောင်းသောသူသည် ပညာသတိရှိသောသားဖြစ်၏။ ရိတ်သိမ်းချိန်၌ အိပ်မောကျနေသောသူမူကား အရှက်ကွဲစေသောသားဖြစ်၏။
သုတ္တံကျမ်း။ 6:8 - မြန်မာ့စံမီသမ္မာကျမ်း နွေရာသီ၌ မိမိအစားအစာကိုပြင်ဆင်၍ ရိတ်သိမ်းချိန်၌ မိမိစားစရာကို ရှာဖွေစုဆောင်းတတ်၏။ Common Language Bible နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။ Garrad Bible နွေ ဥ တု တွင် ရိ က္ခာ ကို သို ထား၍၊ ရိတ် သိမ်း ချိန် တွင် အ စာ ကို ဆည်း ပူး လေ့ ရှိ ကြ ၏။ Judson Bible နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ |
နွေရာသီ၌ ရှာဖွေစုဆောင်းသောသူသည် ပညာသတိရှိသောသားဖြစ်၏။ ရိတ်သိမ်းချိန်၌ အိပ်မောကျနေသောသူမူကား အရှက်ကွဲစေသောသားဖြစ်၏။
ဆိတ်နို့သည်လည်း သင်စားဖို့၊ သင့်အိမ်သူအိမ်သားများစားဖို့နှင့် သင့်အစေခံမိန်းကလေးများကိုကျွေးဖို့ အလုံအလောက်ရှိလိမ့်မည်။
ခွန်အားကြီးသောအမျိုးမဟုတ်သော်လည်း နွေရာသီ၌ မိမိတို့၏အစားအစာကို ပြင်ဆင်တတ်သောပုရွက်ဆိတ်များ၊
အချင်းလူပျင်း၊ သင်သည် မည်မျှကြာအောင် အိပ်လျက်နေမည်နည်း။ မည်သည့်အချိန်မှ အိပ်ရာထမည်နည်း။
စစ်မှန်သောအသက်ကိုရယူပိုင်ဆိုင်နိုင်ဖို့ရန် နောင်ဘဝအတွက် ကောင်းသောအုတ်မြစ်ကို မိမိတို့အတွက်ချထားကြရန်လည်းကောင်း ညွှန်ကြားလော့။