အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
သုတ္တံကျမ်း။ 6:12 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောသူနှင့် ယုတ်ညံ့သောသူသည် ကောက်ကျစ်သောနှုတ်ဖြင့်လှည့်လည်သွားလာကာ Common Language Bible ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။ Garrad Bible တ ရား မဲ့ သူ နှင့် ဒု စ ရိုက် ပြု သူ သည်၊ ကောက် ကျစ် သော နှုတ် ဖြင့် ကျင် လည် ခြင်း၊ Judson Bible ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။ |
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။
ဆိုးညစ်သောအမှုအရာကို အကျွန်ုပ်မျက်မှောက်မပြုပါ။ လမ်းလွဲသောသူတို့ပြုသောအမှုကိုလည်း အကျွန်ုပ်မုန်းသည်ဖြစ်၍ အကျွန်ုပ်ကို ငြိတွယ်မည်မဟုတ်ပါ။
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် နှစ်သက်ဖွယ်သောအရာကို သိ၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ဖောက်ပြန်လွဲမှားသောအရာများကိုသာ သိ၏။
ဖြောင့်မှန်သောသူတို့၏ဖြောင့်မတ်ခြင်းသည် သူတို့ကိုကယ်နုတ်တတ်၏။ သစ္စာမဲ့သောသူတို့မူကား မိမိတို့၏အလိုရမ္မက်အားဖြင့် ဖမ်းဆီးခြင်းခံရတတ်ကြ၏။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
မျက်စိမှိတ်ပြသောသူသည် ဖောက်ပြန်လွဲမှားသောအရာများကို ကြံစည်နေခြင်းဖြစ်၏။ မိမိ၏နှုတ်ခမ်းကိုဖိပိတ်ထားသောသူသည်လည်း မကောင်းမှုကိုပြီးမြောက်စေသောသူဖြစ်၏။
ဆိုးညစ်သောအမှုကိုပြုသောသူသည် ယုတ်ညံ့သောစကားကို အာရုံစိုက်နားထောင်တတ်၏။ မုသားပြောဆိုသောသူသည်လည်း ယုတ်မာစဉ်းလဲသောစကားကို စူးစိုက်နားထောင်တတ်၏။
မကောင်းသောလမ်းမှလည်းကောင်း၊ ဖောက်ပြန်လွဲမှားသောအရာတို့ကို ပြောဆိုတတ်သောသူတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်လိမ့်မည်။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။ စဉ်းလဲသောနှုတ်ခမ်းကိုလည်း သင်နှင့်ဝေးကွာစေလော့။
ဖောက်ပြန်လွဲမှားသောစိတ်နှလုံးဖြင့် မကောင်းမှုကိုတွေးတောကြံစည်လျက် ငြင်းခုံရန်တွေ့ခြင်းကို အစဉ်အမြဲဖြစ်ပွားစေတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
ခြင်းတောင်းတစ်တောင်းထဲတွင် အဦးဆုံးမှည့်သောအသီးကဲ့သို့ အလွန်ကောင်းသောသဖန်းသီးများရှိ၏။ ကျန်ခြင်းတောင်းတစ်တောင်းထဲတွင် မကောင်းသောသဖန်းသီးရှိ၏။ စား၍မရအောင် ပုပ်နေ၏။
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွယ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။
ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။