အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
သုတ္တံကျမ်း။ 4:20 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ငါပြောဆိုသောအရာတို့ကို အာရုံစိုက်နားထောင်လော့။ ငါ့စကားတို့ကို နားစွင့်လော့။ Common Language Bible ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။ Garrad Bible ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။ Judson Bible ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။ |
အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
အို ငါ၏လူမျိုးတော်၊ ငါ၏တရားကို စူးစိုက်နားထောင်လော့။ ငါ၏နှုတ်ထွက်စကားတို့ကို နားစွင့်ကြလော့။
အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊
အကြောင်းမူကား ထိုအရာတို့ကို သင့်အထဲ၌ စောင့်ထိန်းထား၍ ထိုအရာရှိသမျှတို့ကို သင်၏နှုတ်၌အသင့်ရှိစေလျှင် နှစ်လိုဖွယ်ကောင်းသောအရာဖြစ်လိမ့်မည်။
ငါ့သား၊ ငါ၏ဉာဏ်ပညာကို အာရုံစိုက်နားထောင်၍ ငါ၏ထိုးထွင်းဉာဏ်ကိုနားစွင့်လော့။
ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။