အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
သုတ္တံကျမ်း။ 4:17 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။ Common Language Bible ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ Garrad Bible ဒု စ ရိုက် နှင့် ဆိုင် ရာ အ စာ ကို စား ၍၊ အ ဓ မ္မ နှင့် ဆိုင် ရာ အ ရက် ကို သောက် တတ် ကြ ၏။ Judson Bible ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ |
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
လူသည် မိမိနှုတ်၏အသီးအပွင့်မှ ကောင်းသောအရာကိုစားရ၏။ သစ္စာမဲ့သောသူတို့၏စိတ်ဆန္ဒကား ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။
လှည့်ဖြား၍ရသောအစားအစာသည် စားသူအတွက်ချိုမြိန်သော်လည်း နောက်မှ သူ၏နှုတ်သည် ကျောက်စရစ်များနှင့်ပြည့်လိမ့်မည်။
ဒုစရိုက်ကို မုသားကြိုးဖြင့်ဆွဲသောသူ၊ အပြစ်ကို လှည်းကြိုးဆွဲသကဲ့သို့ ဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။
အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။
“လူတိုင်း မိမိ၏အိမ်နီးချင်းကို သတိပြုကြလော့။ မည်သည့်ညီအစ်ကိုကိုမျှ မယုံကြနှင့်။ အကြောင်းမူကား ညီအစ်ကိုအားလုံး လူလိမ်သက်သက်သာဖြစ်ကြ၏။ အိမ်နီးချင်းအားလုံးသည်လည်း အတင်းအဖျင်းလိုက်ပြောသောသူများသာဖြစ်ကြ၏။
အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။