သုတ္တံကျမ်း။ 31:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သောက်သောအခါ မိမိတို့၏ဆင်းရဲခြင်းကိုမေ့လျော့သွားလိမ့်မည်။ မိမိတို့၏အခက်အခဲပြဿနာကိုလည်း သတိရတော့မည်မဟုတ်။ Common Language Bible ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။ Garrad Bible ထို သူ သည် သောက်၍ ဆင်း ရဲ ခြင်း ကို မေ့ လျော့ လျက်၊ ဒု က္ခ ကို လည်း သ တိ မ ရ ဘဲ ရှိ ပါ စေ။ Judson Bible ထိုသူတို့သည်သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။ |
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
သင်သည် ပြောဆိုနိုင်စွမ်းမရှိသူအတွက်လည်းကောင်း၊ မှီခိုရာမဲ့သောသူအားလုံး၏ အမှုအခင်းအတွက်လည်းကောင်း သင်၏နှုတ်ကိုဖွင့်လော့။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။