သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
သုတ္တံကျမ်း။ 31:4 - မြန်မာ့စံမီသမ္မာကျမ်း အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။ Common Language Bible အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။ Garrad Bible အို လေ မွေ လ၊ စ ပျစ် ရည် သောက် ခြင်း သည်၊ ဘု ရင် မင်း တို့ နှင့်လည်း ကောင်း၊ အ ရက် တပ် မက် ခြင်း လည်း၊ မင်း တို့ နှင့် လည်း ကောင်း၊ မ သင့် မ လျော်။ Judson Bible အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသားတို့နှင့် မတော်မသင့်။ |
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
မိမိနှင့်အတူပါလာသောရှင်ဘုရင်များနှင့်အတူ တဲအတွင်း၌ စားသောက်နေသောဗင်္ဟာဒဒ်မင်းကြီးက ထိုသတင်းများကိုကြားသောအခါ သူ့အမှုထမ်းတို့အား “အသင့်ပြင်ကြ”ဟု အမိန့်ပေးသဖြင့် သူတို့လည်း မြို့ကိုတိုက်ရန် အသင့်ပြင်ကြ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊ သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် မြင့်မြတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် ယစ်မူးရန်မဟုတ်ဘဲ ခွန်အားရရှိရန် သူ့အချိန်နှင့်သူ စားသောက်ပွဲကျင်းပလျှင် သင်သည် မင်္ဂလာရှိ၏။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
စပျစ်ဝိုင်သည် သစ္စာမဲ့စေတတ်၏။ မာနကြီးသောသူနှင့်တူ၍ ငြိမ်ငြိမ်မနေတတ်။ စိတ်အလိုကို မရဏာနိုင်ငံကဲ့သို့ ကျယ်ပြန့်စေတတ်၏။ သေမင်းကဲ့သို့ပင် အလိုမပြည့်စုံတတ်။ သူ့အဖို့ လူမျိုးအပေါင်းကို စုစည်းပြီး လူအားလုံးကို သိမ်းပိုက်ထားတတ်၏။