ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
သုတ္တံကျမ်း။ 30:33 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား နို့ကိုမွှေလျှင် ထောပတ်ကိုရ၍ နှာခေါင်းကိုဆွဲလိမ်လျှင် သွေးထွက်တတ်သကဲ့သို့ ဒေါသကိုမွှေလျှင် ခိုက်ရန်ဖြစ်ပွားတတ်၏။ Common Language Bible အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။ Garrad Bible နို့ ရည် ကို မွှေ လျှင် နို့ ဓမ်း ရ၏။ နှာ ခေါင်း ကို မွေ့ လျှင် အ သွေး ထွက်၏။ ဒေါ သ ကို မွှေ လျှင် ရန် ဖြစ် တတ်၏။ Judson Bible အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။ |
ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
မုန်းတီးခြင်းသည် အငြင်းပွားမှုများဖြစ်စေရန် လှုံ့ဆော်တတ်၏။ ချစ်ခြင်းမေတ္တာမူကား ကျူးလွန်သောအပြစ်ရှိသမျှကို ဖုံးအုပ်တတ်၏။
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။ အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
မီးသွေးသည် မီးခဲရှိန်ကိုလည်းကောင်း၊ ထင်းသည် မီးရှိန်ကိုလည်းကောင်း လှုံ့ဆော်သကဲ့သို့ ငြင်းခုံရန်တွေ့တတ်သောသူသည် ခိုက်ရန်ဖြစ်ပွားခြင်းကို လှုံ့ဆော်တတ်၏။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
စိတ်တိုသောသူသည် အငြင်းပွားမှုဖြစ်ရန် လှုံ့ဆော်တတ်၏။ ဒေါသကြီးသောသူသည်လည်း အပြစ်များစွာကျူးလွန်တတ်၏။